တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၁၉

    ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များ၊ သာသနာနွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် တပ်ကုန်းမြို့ ဘိုးဘွား ရိပ်သာသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်းသည့် အလှူငွေ ၁၃၀၅၄၅၀၀ ကျပ်၊ ဆန် ၃၆၅ အိတ် ၁၆ ပြည်၊ ဆီ ၁၀၉ ဒသမ ၇၀ ပိဿာ၊ ပဲ ၁၀၉၇ ပိဿာ၊ ဆား ၁၀၉၇ ပိဿာ၊ လက်သန့် ဆေးရည် ၁၀၉၇ ဘူးနှင့် ဆေးမျိုးစုံ ၁၅၂၄ ဘူးတို့ကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက ငွေတောင်တောရကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောတက အမှူးပြုသော သံဃာတော်များထံဆက်ကပ်လှူဒါန်း သည်။ထို့နောက် နယ်မြေခံ တပ်မတော်သားများက သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းများ အသီးသီးသို့ လိုက်လံပို့ဆောင်၍ ဆက်ကပ် လှူဒါန်းပေးသည်။

  အလားတူ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းနှင့် ဇေယျခသုဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းချောင်းကျေးရွာရှိ ရှမ်းချောင်းဇေတဝန်ကျောင်း တိုက်၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာရှိ မြိုင်သာယာ သာသနာ့ဗိမာန်ကျောင်း တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့ရှိ မရမ်းကျောင်းတိုက်၊ ပေါ်တော်မူကျောင်း တိုက်၊ သာသနဝိသုဒ္ဓိစစ်ကွင်းကျောင်းတိုက်နှင့် တော်တန်းကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ စလေဘုန်းတော်ကြီးသင် ပညာရေးကျောင်း တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။