တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၃

  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘိုးဘွားရိပ်သာများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၂ ရက်နှင့်ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်ကျောင်းတိုက်၊ တပ်ကုန်းမြို့နယ်ရှိ မြို့လယ်ကျောင်းတိုက်၊ မြို့မသီဟနာဒကျောင်းတိုက်၊ မဟာသီဟ နာဒကျောင်းတိုက်၊ ကြီးအင်းကျောင်းတိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ရှိ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင် ကျေးရွာအုပ်စု၊ ဝမ်ဟုန်ကျေးရွာအတွင်းရှိ မိုက်ညောင် ဘုန်းတော်ကြီးကျောင်း၊ ဝမ်ဟုန် ပြန့်ဘုန်းတော်ကြီးကျောင်း၊ ကောင်းဆန်း ဘုန်းတော်ကြီးကျောင်း၊ လုံမတ်ယန်း ဘုန်းတော်ကြီးကျောင်း၊ နောင်ဟုန်း ဘုန်းတော်ကြီးကျောင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီ ကျေးရွာရှိ ပုပ္ဖရာမကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ ရပ်ကွက်ရှိ ဒဂုံပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာစံပြကျေးရွာရှိ ရွှေနံသာ ဘုရားကြီးကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ ကွေ့ကုန်းကမ်းနား ကျေးရွာရှိ တိုးလာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရေကြည်မြို့ရှိ ဓမ္မရိပ်သာကျောင်းတိုက်၊ အိုင်းချောင်ပရိယတ္တိ စာသင်တိုက်၊ ပုဗ္ဗာရုံကျောင်းတိုက်၊ လပွတ္တာမြို့ရှိ သာသနာဇေယျုံကျောင်းတိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ်၊ ဖားမောင်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပရမအာရုံပြုနည်းပြ ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။

  ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဝမ်ဟုန် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဖားမောင်းကျေးရွာရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်တို့ရှိ သံဃာတော် များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။