တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၆

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၅ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော် ၄၀ အိတ်၊ ဆီ ၂၀ ပိဿာ၊ ဆား၊ ပဲ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ဆုတောင်း ပြည့်ကျောင်းတိုက်ရှိ မင်္ဂလာဓမ္မာရုံ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်ဆန်လှူအသင်းနှင့် စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော် ၂၁၉၃ အိတ်၊ ဆီ ၂၈၀ ပိဿာ၊ ဆား ၁၇၄၉ ပိဿာ၊ ပဲ ၆၉၁၅ ပိဿာ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ပြည်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများ၊ စေတနာရှင်အလှူရှင်များက အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။

အလားတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝ ရပ်ကွက်ရှိ ရတနာကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဘောလယ်ကျေးရွာရှိ သာသနာ့ ဗိမာန်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြတ်မော်တင် ကျောင်းတိုက်၊ ကျုံပျော်မြို့ရှိ ထန်းတောကျောင်းတိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့၊ သာစည်ရပ်ကွက်ရှိ သာသနဓမ္မသုခကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်ရှိ အတုလဝတီသီလရှင်စာသင်တိုက်၊ မိတ္ထီလာမြို့နယ်ရှိ ဓမ္မပါလဆည်ဝန်း ကျောင်းတိုက်၊ ညောင်ကန်ကျေးရွာအုပ်စု ကံကြီးကျောင်းတိုက်နှင့် ကျောင်းကျေးရွာ အုပ်စု မကျီးကန်ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ သာစည်ရပ်ကွက်၊ သာသနဓမ္မသုခ ကျောင်းတိုက်ရှိ သံဃာတော်များအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခန္တီး တပ်နယ်မှ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။