တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၂

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ စေတဝန်ပရိယတ္တိ ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရာဟုလာပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ရှိ ဇဝနဗုဒ္ဓ အကယ်ဒမီကျောင်း၊ မစိုးရိမ်တိုက်သစ်ကျောင်း၊ ဓမ္မပါလမဟာရွှေကျင် ကျောင်းတိုက်၊ ရှမ်းကျောင်းပရိယတ္တိစာသင်တိုက်၊ ညောင်ငူစာသင်တိုက်၊ နှစ်လမ်း ကျောင်းတိုက်၊ ထေရာစာရီပရိယတ္တိသီလရှင်စာသင်တိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်းသီလရှင်စာသင်တိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စေတဝန်ပရိယတ္တိ ကမ္မဋ္ဌာန်း ကျောင်းတိုက်ရှိ သံဃာတော်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ YGW မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ အနောင်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဣန္ဒြောဘာသ အား ဖူးမြော်ပြီး ဆီ၊ ပဲ၊ စားသောက်ဖွွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။