တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၄

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မြို့ရှိ ရွှေညောင်ပင်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း), ကျိုင်းတောင်းမြို့၊ ကွန်မုံဘုန်းတော်ကြီးကျောင်း၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သာယာကုန်းကျေးရွာ၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဝင်းစိန် ကျေးရွာ၊ အထက်ဘုန်းတော်ကြီးကျောင်းနှင့် ဖာပွန်မြို့နယ်၊ မဲသလွတ်ကျေးရွာ၊ တပ်ဦး တစ်ပါးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်ရှိ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာစည် ကျေးရွာရှိ ဆည်တော်မြင်တဝဂူကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအုပ်စု၊ ရှောင်တောင်ဘုန်းတော်ကြီးကျောင်းနှင့် မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့၊ မြို့မပရိယတ္တိကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။