တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၉

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့၊ ဇယ်တုန်ဟုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ ဝမ်ဟတ်တိုက်နယ် မကျိုင်းမွန်းကျောင်း ပရဟိတဂေဟာ၊ မွန်ပြည်နယ်၊ သထုံမြို့၊ ဇရစ်ချောင်းကျေးရွာရှိ ဇရစ်ချောင်းကျောင်းတိုက်၊ သိမ်ဇရပ်မြို့နယ်၊ ရွာလေး မောင်ရပ်ကွက်ရှိ ရွှေရင်ကျော်ဘုရားကုန်းတော်သာသနလင်္ကာရကျောင်းတိုက်၊ ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ ကျီးမနိုးဘုန်းတော်ကြီးကျောင်း၊ ဒိုင်းပြဘုန်းတော်ကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်ရှိ ရတနာသီခကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ မြို့သစ်အလယ်ရပ်ကွက်ရှိ သန်လျင်မင်း ကျောင်းပထမပြန်စာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်နှင့် ကလေးမြို့နယ်၊ ကံသာယာကျေးရွာရှိ ကံသာယာထေရဝါဒ ဗုဒ္ဓ သာသနာပြုဗဟိုကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများ၊ အလှူငွေများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့၊ ဇယ်တုန်ဟုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များအား အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။