တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း

 
နေပြည်တော်၊ စက်တင်ဘာ - ၃၀

 
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၉ ရက်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သာသနာ့မဉ္ဇူကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဒေဝိန္ဒာဓိပတိ အမှူးပြုသော သံဃာတော် ၁၉ ပါးတို့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော် ၂၀ အိတ်၊ ဆီ ၂၉ ပိဿာ၊ ကုလားပဲ ၁၃ ပိဿာ၊ ဆား ၆၆ ထုတ်၊ နို့ဆီ ၁၂၁ လုံး၊ သကြား ၁၆ ပိဿာနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အလားတူ စက်တင်ဘာ ၂၉ ရက်နှင့် ယနေ့တို့တွင်လည်း နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရမြို့နယ်၊ ကျီးသံလေးထပ်ကျောင်း၊ ရွှေပြည်တော်ဝင် သာမဏေကျော်စာသင်တိုက်နှင့် လယ်ဝေးမြို့နယ်၊ ရတနာပုံတောရကျောင်း၊ မြဝတီသီလရှင်စာသင်ကျောင်း၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကုလားတို့ကျေးရွာ၊ ဝဏ္ဏရာမစာသင်တိုက်၊ ကျိုက်ထိုမြို့၊ မရမ်းတောင်တပ်ဦးကျောင်းတိုက်နှင့် ဘိုက္ကား ကျေးရွာ၊ သာသနာ့ဒီပံကျောင်းတိုက်၊ မုဒုံမြို့နယ်၊ ကမာအုပ်ကျေးရွာ၊ မဟာသုဒ္ဓါရုံ ရွှေကျင်ကျောင်းသစ်ပရိယတ္တိစာသင်တိုက်၊ သံဖြူဇရပ်မြို့၊ ဟံသာဝတီတိုက်သစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ နိဗ္ဗိန္ဒပရိယတ္တိ စာသင်တိုက်၊ လှိုင်းဘွဲ့မြို့၊ အောင်မြေသာယာကျောင်းတိုက်၊ ကြာအင်းဆိပ်ကြီးမြို့၊ အရဟံကျောင်းတိုက်၊ ကော့ကရိတ်မြို့၊ ဇေယျဝတီတပ်ဦးကျောင်းတိုက်၊ နဘူးမြို့၊ နဘူးတောရကျောင်းတိုက်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာ၊ အေးငြိမ်း ချမ်းသာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ ကြံခင်းစု ရပ်ကွက်ရှိ မာလာရုံတိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နွယ်ခွေကျေးရွာရှိ ဇေယျာသီရိကျောင်းတိုက်နှင့် တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာရှိ ပစ္ဆိမာရုံ ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ကျော်တော်မြို့၊ မေတ္တာဉယျာဉ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ နားမေတ္တာရပ်ကွက်ရှိ နန္ဒဝန်ကျောင်းတိုက်နှင့် ကလေးမြို့နယ်၊ ကံသာယာကျေးရွာရှိ ကံသာယာထေရဝါဒဗုဒ္ဓ သာသနာပြုဗဟိုကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အဝေရာရာမရန်ကင်းကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။