တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
 
နေပြည်တော်၊ ဩဂုတ် - ၁၁
 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ် ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှိ ကံ့ကော်မြိုင်ဘုန်းကြီးကျောင်း၊ ဝိန်းနေဘုန်းတော် ကြီးကျောင်း၊ ကောင်းမှုလျှံဘုန်းတော်ကြီးကျောင်း၊ ဆိုက်ခေါင်ဘုန်းကြီးကျောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်ခင်းရပ်ရှိ မဟာသုခိတာရုံပရိယတ္တိစာ သင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အုတ်ပုံဆိပ်ရပ်ကွက်ရှိ သာသနာ့ ပါလကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာရှိ အေးစေတီ အမေရှမ်း ဓမ္မရိပ်သာ တပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဓမ္မဗိမာန် ကျောင်းတိုက်၊ မနောသုခကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံသာယာကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) သာသနဝေပုလ္လကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်ရှိ ဇီနောဒယသီလရှင်စာသင်တိုက်၊ ပြင်ဦးလွင်မြို့နယ်ရှိ တပ်ဦးဘုန်းတော်ကြီးကျောင်းတိုက်၊ ရပ်ကွက်ကြီး(၃)ရှိ ပုည ကာရီခဲလယ်ဘုန်းတော်ကြီးကျောင်း၊ နောင်ခမ်းကြီးကျေးရွာရှိ ရန်အောင်မင်္ဂလာ ကျောင်းတိုက်၊ ရွှေချောင်းကျေးရွာရှိ ရွှေချောင်းကျောင်းတိုက်၊ မျှင်တော်ကျေးရွာရှိ နားချိုက်ဘုန်းတော်ကြီးကျောင်း၊ ရွှေသင်းကျေးရွာရှိ စိတ္တသုခကျောင်းတိုက်၊ ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ သာသနာ့မဉ္ဇူဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့ ဟိတကာရီတပ်ဦးဘုန်းတော်ကြီး ကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်မင်္ဂလာနှင့် ဌာနဆိုင်ရာများစုပေါင်း၍ သံဃာတော်များအား ဆွမ်း ဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်၍ မဟာ မြတ်မုနိဘုရားကြီးအား မျက်နှာတော်သစ်ရေသပ္ပါယ်ခြင်း၊ ရွှေသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ကျိုင်းတုံမြို့ရှိ သံဃာတော် အပါး ၂၀၀ တို့အား ဝါတွင်းကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေ စေရန်အတွက် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများလောင်းလှူခဲ့ကြကြောင်း သတင်း ရရှိသည်။