တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၁၉

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင် မြို့နယ်ရှိ လွယ်ဆမ်စစ်ဘုန်းတော်ကြီးကျောင်း၊ ချမ်းမြေ့သာစည်သီလရှင်စာသင်တိုက်၊ လောက်ကိုင်မြို့နယ်ရှိ ချမ်းမြေ့ဂုဏ်ဝေသီလရှင်စာသင်တိုက်၊ တန့်ယန်းမြို့နယ်ရှိ ရွှေ‌မောင်းသာသနဝေပုလ္လသီလရှင်စာသင်တိုက်၊ ဟိုပန်မြို့နယ်ရှိ သီရိမင်္ဂလာပရိယတ္တိ သီလရှင်စာသင်တိုက်၊ မွန်ပြည်နယ်၊ သထုံမြို့ရှိ ပဉ္စဂီရိချမ်းမြေ့စည်ကျောင်း၊ ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ ကော့ဝန်းကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာရှိ စန်းမြသော်တာကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ် ကျေးရွာရှိ ဖန်ချက်တောရကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ရေနောက်အိုင်ကျေးရွာရှိ မဟာဓမ္မိကာရုံကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့ရှိ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ အောင်မြေရတနာဘုန်းတော်ကြီးကျောင်း၊ သံတွဲမြို့ ရှိ ရတနာသိဒ္ဓိဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ နန်းဦးတိုက်မဟာဓမ္မပါလဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ စံပြရပ်ကွက်ရှိ စေတော်ဝင်တောရဘုန်းတော်ကြီးကျောင်း၊ ငဖဲ မြို့နယ်၊ ဆုံကုန်းကျေးရွာရှိ ဆုံကုန်း(အနောက်) ဘုန်းတော်ကြီးကျောင်း၊ မကွေးမြို့ရှိ သာသနာ့ဂုဏ်ရည်သီလရှင်ပညာရေးကျောင်း၊ မြောက်နွားကူးဘုန်းတော်ကြီး ကျောင်း၊ သီတာရုံသီလရှင်ကျောင်းတိုက်နှင့် မဇ္ဈိမဝိဟာရကျောင်းတိုက်တို့မှ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းရယ်မြို့နယ်နှင့် နမ့်လန်မြို့နယ်တို့ရှိ ဘိုးဘွားရိပ်သားများ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာဘိုးဘွားရိပ်သာတို့ရှိ အဘိုး၊ အဘွားများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းပြီး နယ်မြေခံဆေးကုသရေးအဖွဲ့များက အဘိုး၊ အဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။