တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်၊ ဩဂုတ် - ၂၃

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၂ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ မဟာဓမ္မိကာရာမအုန်းတော် ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သာသနဟိတကာရီ သီလရှင်စာသင်တိုက်၊ တန့်ယန်းမြို့ရှိ အောင်မင်္ဂလာမဟာဝိဟာရကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ တပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့ရှိ တပ်ဦးကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ဇေတဝန်ဘုန်းတော် ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ မဟာသန္တိသုခဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင် မြို့ရှိ မြစေတီဘုန်းတော်ကြီးကျောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ယောကျောင်းတိုက်၊ ဥပုသ်တော်ရပ်ကွက်ရှိ ဇမ္ဗူသီရိ သီလရှင်စာသင်တိုက်နှင့် ဓမ္မာဇေယျာသီရိ မိဘမဲ့သီလရှင်ကျောင်း၊ ပုသိမ်ကြီးမြို့နယ်၊ လင်းမြွေချောင်းကျေးရွာရှိ နံ့သာတောရဘုန်းတော်ကြီးကျောင်းတိုက်၊ ချမ်းမြသာစည် မြို့နယ်ရှိ ရွှေခွန်တိုင်ကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။