တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၃၀

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ သာသနဝိပုလပရိယတ္တိစာသင်တိုက် ဓာတ်တော်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ ဇေယျာမင်္ဂလာကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ မြေနီကုန်း ကျေးရွာရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ဒလမြို့နယ်၊ တာကြီးရပ်ကွက်ရှိ ပုညာရာမ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ မစိုးရိမ်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သုဝဏ္ဏဘူမိ တပ်ဦးကျောင်း၊ အမ်းမြို့နယ်ရှိ ဒိုင်ကြီး ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ အောင်မြေရတနာ ဘုန်း တော်ကြီးကျောင်း၊ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်ရှိ မြိုင်းကြီးကျေးရွာဘုန်းတော်ကြီးကျောင်း၊ ပတ္တမြားဘုန်းတော်ကြီးကျောင်း၊ စမတောင်ကျောင်းတိုက်၊ သုံးတောင်ကျေးရွာရှိ အောင်ဘုံသုခတောရ ဓမ္မရိပ်သာ၊ ကျွဲနွားထောက်ကျေးရွာရှိ မိုးကုတ်ပရိယတ္တိသီလရှင်စာသင်တိုက်၊ မိုင်းလုံး ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကျောက်ပန်းတောင်းမြို့ရှိ နွယ်ရိုးတောရဓမ္မရိပ်သာ၊ မြတ်ရွှေဂူ စာသင်တိုက်၊ သပြေရိုးကျေးရွာဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရေငယ်ကျေးရွာရှိ ချယ်ရီမြေ ဘိုးဘွားရိပ်သာနှင့် မြင်းခြံမြို့၊ အမှတ်(၂၀)ရပ်ကွက်တို့ရှိ ဘိုးဘွားရိပ်သာများမှ အဘိုး၊ အဘွားများအား သက်ဆိုင်ရာတပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။