တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းတို့၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများ အား သွားရောက်ကြည့်ရှုအားပေး

တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းတို့၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများ အား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ စက်တင်ဘာ - ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိ သူများက လည်းကောင်း ယနေ့တွင် သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံ ယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ တစ်ဦးချင်း ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။