တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းရှစ်သောင်းကျော် ကုသပေးနိုင်ခဲ့

 

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းရှစ်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်  သြဂုတ်  ၁၉

ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက်တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်   ပြည်သူလူထု၏  အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက်  တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌    ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ  ယနေ့အထိ ပြင်ပလူနာပေါင်း ၂၈၁၆၃၅ ဦးနှင့် အတွင်း လူနာပေါင်း ၈၂၆၇၄ ဦးတို့ကိုကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၃ဝ၉၆ ဦး၊  အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၇ဝ၈၉ ဦး၊ စုစုပေါင်း ၂ဝ၁၈၅ ဦးတို့ကို   ခွဲစိတ်ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့်  အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။  ထို့ပြင် ကလေးမီးဖွား လူနာ ၆၈၇၇ ဦးကို   ခွဲစိတ်၍ လည်းကောင်း၊ ၉၄၆၃ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ်  ၁၆၃၄ဝ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရေးတွင်   ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   သတင်းရရှိသည်။