တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းသုံးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်  ဇွန်  ၃

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ် သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ  ပါရဂူများ၊  ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ကုသပေး ခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ် သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာ ရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ တွင် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာပေါင်း ၂၃၁၇၇၄ ဦးနှင့် အတွင်းလူနာ ပေါင်း ၆၉၄၂၈ ဦးတို့ကို ကုသပေးနိုင်ခဲ့ သည်။

 ၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန် လိုအပ်သူ ၁ဝ၈၂၄ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၅၅၄၈ ဦး၊ စုစုပေါင်း ၁၆၃၇၂ ဦးတို့ကို ခွဲစိတ်ကုသပေး နိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၅၅၃၂ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈ဝ၄၂ ဦးကို သာမန် ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၁၃၅၇၄ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း  ရရှိသည်။