တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 
နေပြည်တော်၊ မေ - ၂၈

 
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ သည် မေ ၂၇ ရက်တွင် ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းရှိ အခြေခံပညာမူလတန်း ကျောင်း (ခွဲ)၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၄ ဦး၊ ခွဲစိတ်ရောဂါ ၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၈ ဦး၊ ကလေးရောဂါ ၈ ဦး၊ အရိုးရောဂါ ၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆ ဦး၊ မျက်စိရောဂါ ၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃ ဦးစုစုပေါင်း ၆၃ ဦးတို့ကိုလိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။
ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၎င်းအပြင် ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သော ဒေသခံပြည်သူ ၃ ဦးကိုလည်း ဆေးရုံရေယာဉ်ပေါ်၌ ဆေးရုံတင်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။