တပ်မတော်မှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

တပ်မတော်မှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

နေပြည်တော်၊ ဇူလိုင် ၁၆

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ မိုးကောင်း၊ တနိုင်း၊ ချီဗွေ၊ ပူတာအိုမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် နာရေးကူညီမှုအသင်းများအား အောက်စီဂျင်အိုး ၄၅၀ လုံးအား ဖြန့်ခွဲ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။