တပ်မတော်သားများက ဒေသခံပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ အား ဖြန့်ဝေလှူဒါန်း

တပ်မတော်သားများက ဒေသခံပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ အား ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၆

ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများ စားရေး အဆင်ပြေ စေရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သား များက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ပြည်သူများ၏လက်ဝယ်အရောက် လိုက်လံဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။
ထိုသို့လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်နေပြည်သူ အိမ်ထောင်စု ၂၀၀ စုတို့အတွက် ဆန်နှင့် ခေါက်ဆွဲခြောက်များကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အဆိုပါရပ်ကွက်နေ ပြည်သူများ၏လက်ဝယ်အရောက် လိုက်လံဖြန့်ဝေလှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။