တရုတ်က တစ်နာရီလျှင်ကီလိုမီတာ ၆၀၀ နှုန်းဖြင့်သွားနိုင်မည့် သံလိုက်နည်းပညာသုံး မီးရထားကိုထုတ်ဖော်ပြသ

တရုတ်က တစ်နာရီလျှင်ကီလိုမီတာ ၆၀၀ နှုန်းဖြင့်သွားနိုင်မည့် သံလိုက်နည်းပညာသုံး မီးရထားကိုထုတ်ဖော်ပြသ

ပေကျင်း၊ နည်းပညာ

တရုတ်နိုင်ငံက တစ်နာရီလျှင် ကီလိုမီတာ ၆၀၀ နှုန်းဖြင့်သွားနိုင်မည့် သံလိုက်နည်းပညာ သုံး မီးရထားတစ်စင်းကို  ဇူလိုင် ၂၀ ရက်တွင် ထုတ်ဖော်ပြသကြောင်း  နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါမီးရထားကို တရုတ်နိုင်ငံက ကိုယ်ပိုင်နည်းပညာဖြင့် ဖန်တီးထုတ်လုပ် ထားခြင်း ဖြစ်ပြီး  ၎င်း၏အမြန်နှုန်းကြောင့် ကမ္ဘာပေါ်တွင် မြေပြင် သွားအမြန်ဆုံးယာဉ် တစ်စီး ဖြစ်လာမည်ဖြစ်သည်။ မီးရထားသည် လျှပ်စစ်သံလိုက်စွမ်းအင်ကို အသုံးပြုထားပြီး  မီးရထား ကိုယ်ထည်နှင့်သံလမ်း ထိကပ်ခြင်းမရှိဘဲ လိုရာခရီးကိုသွားနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည်အဆိုပါနည်းပညာကို အသုံးပြုလာသည်မှာနှစ်ပေါင်း ၂၀ နီးပါး ရှိပြီဖြစ်ပြီး  အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခဲ့ခြင်းဖြစ် သည်။ ယခုကဲ့သို့မြန်နှုန်းမြင့် မီးရထားကြောင့် ကီလို မီတာ ၁၀၀၀ အကွာအဝေးရှိသည့် ပေကျင်းမြို့နှင့်  ရှန်ဟိုင်းမြို့တို့ ကြား ခရီးသွားလာမှုကြာမြင့်ချိန်ကို ၂ နာရီခွဲအထိလျှော့ချနိုင်မည်ဖြစ်သည်။

အခြားယာဉ်များနှင့်နှိုင်းယှဉ်ပါက ထိုမြို့နှစ် မြို့ကြားလေယာဉ်ဖြင့်သွားလျှင် ၃ နာရီကြာ အချိန်ယူရပြီး သာမန်အမြန်ရထားဖြင့်သွားပါက  ၅ နာရီခွဲကြာကြောင်းသိရသည်။

Ref: TST