တရုတ်ဆေးဝါးကုမ္ပဏီများက ကိုဗက်အစီအစဉ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သန်း ၅၅၀ ထောက်ပံ့မည်

တရုတ်ဆေးဝါးကုမ္ပဏီများက ကိုဗက်အစီအစဉ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သန်း ၅၅၀ ထောက်ပံ့မည်

ပေကျင်း၊ ကျန်းမာရေး  

တရုတ်နိုင်ငံ၏ ဆီနိုဗက်ဘိုင်အိုတက်နှင့် ဆီနိုဖမ်းကုမ္ပဏီတို့က တစ်ကမ္ဘာလုံးသို့ ကာကွယ်ဆေး ဖြန့်ချိမှု တိုးမြှင့်ရေးအတွက် ကာကွယ်ဆေးလိုအပ်နေသော ကိုဗက်အစီအစဉ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  သန်း ၅၅၀ ထောက်ပံ့ရန်သဘောတူကြောင်း သိရသည်။

ဆီနိုဖမ်းကုမ္ပဏီအနေဖြင့် ဇူလိုင်လမှ အောက်တိုဘာလအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  သန်း ၆၀ ထောက်ပံ့မည် ဖြစ်ကြောင်း ဂါဗီအဖွဲ့က  ထုတ်ပြန်ထားသည်။

ဂါဗီအဖွဲ့သည်   ကိုဗက်အစီအစဉ် ကိုယ်စား ကာကွယ်ဆေးများကို ဝယ်ယူပေးနေသောအဖွဲ့ဖြစ်ပြီး   ၎င်းတို့အနေဖြင့် နောက်ထပ်ကာကွယ်ဆေး သန်း ၁၁၀ ရရှိ မည်ဖြစ်သည်။

ထို့ပြင် ပေကျင်းမြို့အခြေစိုက် ဆီနိုဗက် ကုမ္ပဏီကလည်း ကိုဗက်အစီအစဉ်သို့ ကာကွယ်ဆေး သန်း ၃၈၀ ထောက်ပံ့ရန် သဘောတူထားသည်။ ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုဖြစ်ပွားနေစဉ် ထွက်ပေါ်လာသော ထိုသဘောတူညီချက်များကြောင့်  ကိုဗက် အစီအစဉ်တွင်ပါဝင်သည့်  နိုင်ငံများသို့  ကာကွယ်ဆေးသန်း ၁၁၀ ကိုချက်ချင်းပို့ပေး နိုင်မည်ဖြစ်ကြောင်းနှင့် နောက်ထပ်ကာကွယ် ဆေးများလည်း ရရှိရန်ရှိကြောင်း ဂါဗီ၏ ဇူလိုင် ၁၂ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် အဖွဲ့များစွာပါဝင်သော ထိုအစီအစဉ်ကို ပြီးခဲ့သည့်နှစ်တွင် ဖွဲ့စည်း ထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများခွဲဝေရေး ညီမျှမှုရှိစေရန် ရည်ရွယ်ထားသည်။

သို့သော်   ထိုအဖွဲ့အနေဖြင့်  ကမ္ဘာ တစ်ဝန်းရှိနိုင်ငံများသို့ ကာကွယ်ဆေး ၁၀၂  သန်းခန့်သာ ပို့ဆောင် ထားရသေးပြီး စိန်ခေါ် မှုအများအပြားနှင့်ရင်ဆိုင်နေရသည်။ ကိုဗက်အဖွဲ့သည် ၂၀၂၂ ခုနှစ်အစော ပိုင်းတွင်   ကာကွယ်ဆေးအလုံးပေါင်း  ၁ ဒသမ ၈ ဘီလီယံပို့ဆောင်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ထားသည်။

ချမ်းသာသောနိုင်ငံများက ၎င်းင်းတို့၏နိုင်ငံသားများကို ကာကွယ်ဆေးများထိုးနှံ ပေးနိုင်ရေးအတွက် ဆေးများကိုအမြောက် အမြားဝယ်ယူထားသောကြောင့် ကျန်နိုင်ငံ အများအပြားက  ကိုဗက် ကာကွယ်ဆေး ခွဲတမ်းအစီအစဉ်အပေါ်သာ မှီခိုအားထားနေရကြောင်း သိရသည်။

Ref: TST