တရုတ်နိုင်ငံသို့ တင်ပို့သည့် အရည်အသွေးမြင့် စိန်တစ်လုံး သရက်သီးများ ဈေးကောင်း ရရှိနေ

ပြည်တွင်းမှ    စိုက်ပျိုးထွက်ရှိသည့် အရည်အသွေးမြင့် စိန်တစ်လုံး သရက်သီးများကို တရုတ်နိုင်ငံသို့  တင်ပို့လျက်ရှိရာ ဈေးကောင်း ရရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အသင်း အထွေထွေ အတွင်းရေးမှူး ဦးကျော်စိုးနိုင်၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် မြေပြန့်ဒေသများ၌ စိန်တစ်လုံး သရက်သီးထွက်ရှိသည့် ရာသီချိန် ပြီးဆုံးပြီဖြစ်သော်လည်း   စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ စိန်တစ်လုံးသရက်သီးများ ထွက်ရှိနေခြင်းဖြစ်သည်။

မန္တလေးဈေးကွက်၌ ယခင်က စိန်တစ်လုံးသရက်သီး  တစ်ခြင်းလျှင်  ငွေကျပ် ၁၄ဝဝဝ မှ ၁၅ဝဝဝ အထိသာ ရှိခဲ့သော်လည်း ယခု ငွေကျပ် ၁၆ဝဝဝ မှ ၁၈ဝဝဝ အထိရှိပြီး  မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင်  ၁၆  ုါ  တစ်ခြင်းလျှင် ယွမ် ၁၂ဝ အထိ ဈေးနှုန်းရရှိနေကြောင်း သိရသည်။

''လတ်တလောထွက်ရှိတဲ့ စိန်တစ်လုံး သရက်သီးကတော့ မူဆယ်ကျင်စန်းကျော့ ကို တင်ပို့တာများပါတယ်။ အသီးရှားလာတဲ့အတွက် အရည်အသွေးကောင်း အသီးတွေ ဈေးတက်လာတာပါ။ အရည်အသွေး ညံ့တဲ့အသီးတွေကတော့      အရင်ဈေးအတိုင်းပါပဲ။   ကုန်စည်တင်ပို့မှုကတော့ ပုံမှန်အတိုင်းသွားနေကြတယ်''ဟု ဦးကျော်စိုးနိုင်ကပြောသည်။

မူဆယ်မှတစ်ဆင့်    တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုကို  ဧပြီ  ၁၇  ရက်က ဈေးကွက်စတင်ဖွင့်လှစ်ခဲ့ရာ ယင်းအချိန်မှစ၍ စိန်တစ်လုံး သရက်သီးများ တင်ပို့ နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိ သည့်  သရက်သီး  ၇ဝ  ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့လျက်ရှိ ပြီး စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ စသည့် အမျိုးအစားများ    တင်ပို့လေ့ ရှိကြောင်း သိရသည်။