တရုတ်နိုင်ငံ၌ လူသို့ကြက်ငှက်တုပ်ကွေးရောဂါ ပထမဆုံးကူးစက်ဖြစ်ပွား

ပေကျင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံ၌ လူသို့ ကြက်ငှက်တုပ်ကွေး ရောဂါ ပထမဆုံးကူးစက်မှုဖြစ်ပွားပြီး ရောဂါ ကူးစက်ခံရသူမှာ နိုင်ငံအရှေ့ပိုင်း ကျန်းဆု ပြည်နယ်မှ အသက် ၄၁ နှစ်ရှိအမျိုးသား တစ်ဦးဖြစ်သည်။

ကူးစက်ခံရသည့် ကြက်ငှက်တုပ်ကွေး ရောဂါပိုးမှာ  H10N3  ရောဂါပိုးဖြစ်သည်ကို စစ်ဆေးတွေ့ရှိကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ဇွန် ၁ ရက်တွင် ပြောသည်။

ထိုအမျိုးသားသည် အဖျားကြီးခြင်းနှင့် အခြားရောဂါလက္ခဏာများဖြစ်ပေါ်ပြီး နောက် ဧပြီ ၂၈ ရက်တွင် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူရာမှ H10N3 ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်ခံထားရသည်ကို သိရှိခြင်းဖြစ်သည်။

ယခုအခါ ထိုအမျိုးသား၏ အခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့် တာဝန်ရှိသူများက ဆေးရုံဆင်းခွင့် ပြုထား သည်။

H10N3 ကြက်ငှက်တုပ်ကွေးရောဂါသည် မွေးမြူရေးတိရစ္ဆာန်များတွင်တွေ့ရသော ဗီဇပြောင်းရောဂါပိုးဖြစ်ပြီးရောဂါ ကူးစက်ပျံ့နှံ့မှု အန္တရာယ်  အနိမ့်ဆုံးအဆင့် သာရှိသည်ဟု ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။       

Ref: CNA