တရုတ်နိုင်ငံ၏ သမိုင်းတင်အစောဆုံးနန်းတော်ရာကို ဟေနန်ပြည်နယ်၌တွေ့ရှိ

 

တရုတ်နိုင်ငံ၏ သမိုင်းတင်အစောဆုံးနန်းတော်ရာကို ဟေနန်ပြည်နယ်၌တွေ့ရှိကြောင်းနှင့် ထိုသို့ တွေ့ရှိမှုသည် တရုတ်နိုင်ငံအတွင်း နန်းတော်များတည်ဆောက်သည့် အစောဆုံးကာလကို ယခု သတ်မှတ်ထားသည်ထက် နှစ်ပေါင်း ၁၀၀၀ နောက်ဆုတ်သတ်မှတ်နိုင်ကြောင်း သိရသည်။

အဆိုပါနန်းတော်ရာကို   ရှောင်းဟူအီရှူဒေသ၌ တွေ့ရှိရခြင်းဖြစ်ပြီး ထိုနန်းတော်ရာသည် နှစ်ပေါင်း ၅၀၀၀ ကျော်သက်တမ်းရှိ တရုတ်နိုင်ငံ၏ လူနေမှုစနစ်များကိုလေ့လာရာတွင်  အလွန်ရှေးကျသော အရင်းအမြစ်ဖြစ်နိုင်ကြောင်း တရုတ်ရှေးဟောင်းသုတေသနပညာရှင်များအဖွဲ့ဥက္ကဋ္ဌ ဝမ်းဝေကပြော သည်။

နန်းတော်ကို စတုရန်းမီတာ ၄၃၀၀ ကျယ်သည့်မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အဆောက် အအုံများကို အုတ်မြစ်ချတည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရသည်။

နန်းတော်နေရာ၏အနောက်ဘက်တွင် ထောင့်မှန်စတုဂံပုံရှိသည့်ဝင်းတစ်ခုကိုတွေ့ရပြီး စတုရန်းမီတာ ၈၈၀ ရှိကြောင်းနှင့် ထိုဝင်းကိုတွေ့ရှိမှုကြောင့် ရှေးခေတ်နန်းတော်ရာအကွက်ချပုံစံကို ပိုမိုထင်သာစေပြီး ထိုနေရာသည် လူနေရပ်ကွက်များရှေ့ရှိ နန်းတော်၏ အုပ်ချုပ်မှုနေရာဖြစ်နိုင်ကြောင်း ပညာရှင်များက ယူဆထားသည်။

နန်းတော်နေရာ၏အရှေ့ဘက်တွင်မူ စတုရန်းမီတာ ၁၅၀၀ ခန့်ရှိသောဝင်းတစ်ခုရှိပြီး ထိုနေရာ၌ ခံ့ညား သောတံခါးပေါက်သုံးပေါက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂူဝမ်ဖာကပြောသည်။

ယခင်က တရုတ်နိုင်ငံ၏ သမိုင်းတင်အစောဆုံးနန်းတော်ရာအဖြစ် သတ်မှတ်ခံရသည့်နေရာမှာ   အာလီ တိုဒေသမှဖြစ်ပြီး   တရုတ်နိုင်ငံ၏အစောဆုံးမင်းဆက်ဟု လူသိများသော ရှားမင်းဆက်၏ အလယ်ခေတ် နှင့်နှောင်းပိုင်းတို့တွင် မြို့တော်အဖြစ်တည်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။