တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်၌ ရေလွှမ်းမိုးမှုများကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ဘေးကင်းရာ ရွှေ့ပြောင်း

တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်၌ ရေလွှမ်းမိုးမှုများကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ဘေးကင်းရာ ရွှေ့ပြောင်း

ရှန်ဟိုင်း၊ သဘာဝဘေး

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရေလွှမ်းမိုးမှု များဖြစ်ပွားခြင်းကြောင့် ဒေသခံထောင်ပေါင်းများစွာမှာ ဘေးကင်းရာသို့ရွှေ့ပြောင်းရသည်။

ထို့ပြင်   နိုင်ငံတစ်ဝန်းရှိပြည်သူများ အနေဖြင့် နောက်ထပ်မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ရင်ဆိုင် ရနိုင်သည့်အတွက် အသင့်ပြင်ဆင်ထားရန် တာဝန်ရှိသူများက ဇူလိုင် ၁၁ ရက်တွင်ပြောသည်။

ဆီချွမ်ပြည်နယ်၌ ဇူလိုင် ၉ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းဖြစ်သည့်အတွက် မြစ် ၁၄ စင်း၏စိုးရိမ်ရေမှတ်များ မြင့်တက်လာပြီး လှေများ၊ တံတားများမှာ ရေစီးနှင့်အတူမျောပါသွားကာ ဒေသခံ ၄၆၀၀ ကျော်မှာ ဘေးကင်းရာသို့ရွှေ့ပြောင်းနေရကြောင်း နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများကြောင့် ဒေသခံပြည်သူ ၁၂၀၀၀၀ ကျော် ရေဘေးသင့်ပြီး ယခုအချိန်အထိ ပျောက်ဆုံးသူနှင့် သေဆုံးသူမရှိသေးသော်လည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ယွမ် ၁၇၆ သန်းရှိကြောင်း  သတင်းဌာနများက ဆက်လက်ဖော်ပြထားသည်။

တရုတ်အမျိုးသားမိုးလေဝသဌာနကမူ နိုင်ငံတစ်ဝန်းမိုးကြီးနိုင်မှုအတွက် သတိပေးချက်အသစ် ထုတ်ပြန် ထားကာ နိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင် မိုးပိုလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ပြင် ပေကျင်းမြို့၌ ဇူလိုင် ၁၁ ရက် ညနေ ၅ နာရီမှ ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီအတွင်း မိုးရေချိန် မီလီမီတာ ၆၀ မှ ၁၀၀ အတွင်း ရွာသွန်းနိုင်ကြောင်းနှင့် သုံးနှစ်အတွင်းအပြင်းထန်ဆုံးသောမိုးရွာ သွန်းမှုဖြစ်လာနိုင်ကြောင်း ပေကျင်းမြို့ မိုးလေဝသစောင့်ကြည့်ရေးဌာနက ပြော ထားသည်။

Ref: TST