တရုတ်နှင့်မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးကို နောက်တစ်ဆင့်တိုးမြှင့်မည်ဟု နှစ်နိုင်ငံ ခေါင်းဆောင်များကတိပြု

တရုတ်နှင့်မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးကို နောက်တစ်ဆင့်တိုးမြှင့်မည်ဟု နှစ်နိုင်ငံ ခေါင်းဆောင်များကတိပြု

ဆိုး၊ နိုင်ငံရေး

တရုတ်နှင့်မြောက်ကိုရီးယားနိုင်ငံတို့က ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးကို နောက်တစ်ဆင့်တိုးမြှင့် မည်ဟု    နှစ်နိုင်ငံ ခေါင်းဆောင်များက  ကတိပြုကြောင်း  မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဇူလိုင် ၁၁ ရက်တွင်ဖော်ပြထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့က နှစ်နိုင်ငံမိတ်ဖက် ချစ်ကြည်မှု သဘောတူစာချုပ်ချုပ်ဆိုသည့် နှစ်(၆၀) ပြည့်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာများ အပြန်အလှန်ပေးပို့စဉ် ယခုကဲ့သို့ကတိပြုခြင်းဖြစ်သည်။

အဆိုပါနှစ်နိုင်ငံသည် လက်နက်ကိုင် တိုက်ခိုက်မှုများဖြစ်ပွားသော ၁၉၆၁ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန်ကူညီပေးရေး သဘောတူစာချုပ်ကိုချုပ်ဆိုခဲ့ခြင်းဖြစ် ကာ ထိုအချိန်က တရုတ်နိုင်ငံခေါင်းဆောင်ဖြစ်သည့် မော်စီတုန်းက ထိုသို့ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို “နှုတ်ခမ်းနှင့်သွား” ဟုတင်စားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားရည်မှန်းချက်များ ကြောင့် ထိုနှစ်နိုင်ငံ ကြား ဆက်ဆံရေးတွင် ကတောက်ကဆဖြစ်ခဲ့သော်လည်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေးမှာ နေမြဲအတိုင်းဖြစ်သောကြောင့် တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးမှာ ပိုမိုခိုင်မာလာ ခြင်းဖြစ်သည်။

ထို့ကြောင့် နှစ်နိုင်ငံကြား ရဲဘော်ရဲဘက် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုသည် တစ်နေ့တခြား    ပိုမိုခိုင်မာလာကြောင်း ကင်ဂျုံအွန်က ရှီကျင့်ဖျင်ထံပေးပို့သည့် သဝဏ်လွှာတွင်ရေးထားသည်။ ထို့ပြင် နှစ်နိုင်ငံကြား မိတ်ဖက်ချစ်ကြည်မှု သဘောတူစာချုပ်ကြောင့် အာရှဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုဖြစ်ပေါ်စေခဲ့ပြီး ယခုအခါ ရန်လိုသောအင်အားစုများက ပိုမိုထင်ရာစိုင်းလာပြီး ကဖျက်ယဖျက်လှုပ်ရှားမှုများ   လုပ်ဆောင်လာကြောင်း ထိုသဝဏ်လွှာတွင်ဆက်လက်ဖော်ပြထားသည်။

အလားတူ ရှီကျင့်ဖျင်က ၎င်းင်းအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို     နောက်တစ်ဆင့်သို့ ဆွဲတင်ခြင်းဖြင့် နှစ်နိုင်ငံစလုံးနှင့်ပြည်သူများအတွက် ကြီးစွာသော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်ရန်စီစဉ်ထားကြောင်း ကင်ဂျုံအွန်ထံပေးပို့သည့်သဝဏ်လွှာတွင် ရေးသားထားသည်။

ကင်ဂျုံအွန်အနေဖြင့် နိုင်ငံ့ခေါင်းဆောင် အဖြစ်တာဝန်ယူပြီးနောက် ၂၀၁၈ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံသို့ ပထမဆုံးခရီး စဉ်သွားရောက်ခဲ့ပြီး ယခုအချိန်အထိ အဆိုပါခေါင်းဆောင်နှစ်ဦးကြား ငါးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ထားကြောင်းသိရသည်။

Ref: TST