တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ်များ ထပ်မံရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ်များ ထပ်မံရောက်ရှိ

နေပြည်တော်၊ အောက်တိုဘာ ၁၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ် သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ် ၁၀၀၁၆၀၀ ကို အောက်တိုဘာ ၁၃ ရက်တွင်လက်ခံရရှိခဲ့ပြီးကျန်ရှိသည့်ကာကွယ်ဆေးတစ်သန်းနှင့်ဆေးထိုးအပ်(၉၉၈၄၀၀)ချောင်းသည် ယနေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ Air China လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac များအား ရန်ကုန်တိုင်း ဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာထွန်းမင်းနှင့် တာ၀န်ရှိသူတို့က လက်ခံရယူပြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသိုလှောင်ခန်းသို့ အအေးလမ်းကြောင်းမပြတ် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
ယနေ့ရောက်ရှိလာသည့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား တိုင်းဒေသကြီးနှင့်ပြည် နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့်မြန်မာ့လေကြောင်း တို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပြတ် ဆက်လက်ဖြန့်ဝေသွား မည်ဖြစ်ကြောင်းနှင့် ဦးတည်အုပ်စုအလိုက် ပြည့်သူ့ဆေးရုံများနှင့်ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနမှ သိရသည်။