တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၄)သန်းပဥ္စမအသုတ်ရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၄)သန်းပဥ္စမအသုတ်ရောက်ရှိ

နေပြည်တော်၊ အောက်တိုဘာ - ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဘေဂျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ်-၁၉ ကာကွယ်ဆေး(၄) သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ(၈)သိန်းတင်ဆောင်လာသော Air China လေကြောင်းလိုင်း A 332 အမျိုးအစားလေကြောင်းပျံ သန်းအမှတ် CA 589 လေယာဉ်သည်တရုတ်နိုင်ငံ ပေကျင်းမြို့ မှ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပဥ္စမအသုတ်အဖြစ် ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါတရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့် ရောကျရှိလာသော Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေးများအား ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနဒုတိယညွှန်ကြားရေးမှုးချုပ်ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လက်ခံရယူကွသညျ။
ထိုသို့ရောက်ရှိလာသောဆေးများသည် မြန်မာနိုင်ငံမှ မှာယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၄)သန်းအနက် ပဥ္စမ အသုတ်အဖြစ် ကာကွယ်ဆေး(၄)သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ(၈) သိန်း ဆေးပုံးအရေအတွက် (၄၁)ပုံး အလေးချိန်kg -16236 ရောက်ရှိလာခြင်းဖြစ်ပွီး ထိုသို့ရောက်ရှိလာသော ကာကွယ်ဆေးများတွင် ပထမအသုတ်(၄)သန်း သည် စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ်(၄) သန်းသည် စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်းကောင်း၊ တတိယအသုတ် (၄)သန်းသည် အောက်တိုဘာ ၂ ရက်နေ့တွင်လည်းကောင်း၊ စတုတ္ထ အသုတ်ကို ၁၅ နေ့တွင်လည်းကောင်း ရောက်ရှိခဲ့ပြီးဖြစ်ရာ ယခုပဥ္စမ အသုတျအပါအဝငျ ကာကွယ်ဆေးစုစုပေါင်း(၂၀)သန်းရောက်ရှိပြီးဖြစ်ကွောငျး သတငျးရရှိသညျ။