တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)သန်း အနက် တတိယအသုတ်(အပြီးသတ်)ရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)သန်း အနက် တတိယအသုတ်(အပြီးသတ်)ရောက်ရှိ

 နေပြည်တော်၊ ဇူလိုင်-၂၄

တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသည့်ကိုဗစ်- ၁၉ ကာကွယ်ဆေး(၂)သန်း အနက်တတိယ အသုတ် (အပြီးသတ်)အဖြစ် ပို့ဆောင်မည့် ကာကွယ်ဆေး(၇၃၆၀၀၀) နှင့် ဆေးထိုးအပ် (၈၄၈၀၀၀) တို့ တင်ဆောင်လာသော Air China လေယာဉ်သည် ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာကြောင်း သိရသည်။

ယနေ့ညပိုင်းတွင် တရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့် Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ရောက်ရှိလာရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန မှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လက်ခံခဲ့ကြောင်းသိရသည်။

ထိုသို့ရောက်ရှိလာသောဆေးများတွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော Sinopharm ကာကွယ်ဆေး(၇၃၆၀၀၀) နှင့် ဆေးထိုးအပ် (၈၄၈၀၀၀) နှင့် ပုံးအရေအတွက် (၃၀၇)ပုံး၊ (၁၆၄၀၀)kg)တို့ပါဝင်ပြီး Air China လေကြောင်းလိုင်းဖြင့် ပေကျင်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သယ်ဆောင်လာခြင်း ဖြစ်သည်။

ရန်ကုန်မြို့ သို့ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများအား ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန မှ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ ပြည်သူ့ဆေးရုံများနှင့်ကာကွယ်ဆေးထိုးစုရပ်များတွင် National Development Plan အရ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။