တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၄)သန်းရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၄)သန်းရောက်ရှိ
 
နေပြည်တော်၊ စက်တင်ဘာ ၁၂
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေဂျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ်- ၁၉ ကာကွယ်ဆေး (၄)သန်း(5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ(၈)သိန်းတင်ဆောင်လာသော Air China A332 လေယာဉ်သည် တရုတ်နိုင်ငံ ပေဂျင်းမြို့မှ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သိူ့ရောက်ရှိလာကြောင်းသိရသည်။

အဆိုပါတရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့် Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ရောက်ရှိလာရာ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှုးချုပ်ဒေါက်တာ ထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လက်ခံခဲ့ကြောင်းသိရသည်။

ထိုသို့ရောက်ရှိလာသောဆေးများသည် မြန်မာနိုင်ငံမှမှာယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၄)သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေး(၄)သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ(၈)သိန်း ဆေးပုံးအရေအတွက် (၄၁)ပုံး အလေးချိန်kg -16218 ရောက်ရှိလာခြင်းဖြစ်သည်။အဆိုပါ Sinopharm ဆေးသည် ဆေးတစ်ပုလင်းလျင် လူဦးရေ (၅)ဦးထိုးနိုင်ကြောင်းသိရသည်။

ရန်ကုန်မြို့သို့ရောက်လာသောဆေးများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုဆေးသိုလှောင်ခန်း( အအေးခန်း)တွင်ထားရှိမည်ဖြစ်သည်။
အဆိုပါဆေးများကိုတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အသက် ၅၅ နှစ် မှ ၆၀ နှစ်|အသက် ၆၀ နှစ် မှ ၆၅ နှစ်အထိ|တိုင်းရင်းသားအဖွဲ့အစည်းများ(EAOs)၊ မသန်စွမ်းသူများနှင့် ဒုတိယအကြိမ်ဆေးမထိုးရသေးသော သူများပါဝင်သည့် ဆေးထိုးအုပ်စုများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ သသ ရက်နေ့အထိ လူဦးရေစုစုပေါင်းး (၄,၉၄၄,၆၅၄) ဦးအား ထိုးနှံပေးပြီးဖြစ်၍ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃,၂၃၉,၇၆၄)ဦးနှင့်ပထမအကြိမ်ထိုးနှံပြီးစီးသူ (၁,၇၀၄,၈၉၀)ဦးရှိပြီဖြစ်ကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း (၈,၁၈၄,၄၁၈)ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။