တရုတ်မျက်မမြင်အမျိုးသားတစ်ဦး မျက်စိမမြင်ဘဲ ဧဝရတ်တောင်ထိပ်သို့ တက်ရောက်နိုင်သည့် ကမ္ဘာ့တတိယမြောက် အမျိုးသားဖြစ်လာ

ပေကျင်း၊ စွန့်စားမှု

တရုတ်မျက်မမြင် အမျိုးသားတစ်ဦးဖြစ် သည့်ကျန်းဟောင်သည် နီပေါနိုင်ငံဘက်မှနေ၍ ဧဝရတ်တောင်ထိပ်ပေါ်သို့တက်နိုင် ကြောင်း သိရသည်။

ထို့နောက် ၎င်းသည် အာရှဒေသ၌ မျက်စိမမြင်ဘဲ ဧဝရတ်တောင်တက်နိုင်သည့် ပထမဆုံးနှင့် ကမ္ဘာပေါ်တွင် တတိယမြောက် အမျိုးသားဖြစ်လာသည်။ လူတစ်ဦးအနေဖြင့် ပုံမှန်အတိုင်းကိုယ် ခန္ဓာသန်စွမ်းသည်ဖြစ်စေ သို့မဟုတ် မသန်စွမ်းသည်ဖြစ်စေ ခိုင်မာသည့်စိတ်ဓာတ်ရှိနေသရွေ့ မပြိုလဲကြောင်းနှင့် မရနိုင်လောက်ဟု အခြားသူများပြောသောအရာကို အမြဲ တမ်းအောင်မြင် ပြီးမြောက်နိုင်ကြောင်း ကျန်းဟောင်ကပြောသည်။

ကျန်းဟောင်သည် အမြင့် ၈၈၄၉ မီတာ ရှိသောဧဝရတ်တောင်ထိပ်သို့ မေ ၂၄ ရက် တွင် လမ်းပြသုံးဦးနှင့်အတူ တက်ရောက်နိုင်ပြီး မေ ၂၇ ရက်တွင် အခြေစိုက်စခန်းသို့ ပြန်ရောက်လာသည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မွေးဖွားသောကျန်းဟောင်သည် ရေတိမ် ရောဂါဖြစ်ပွားမှုကြောင့် အသက် ၂၁ နှစ် တွင် မျက်စိအမြင်အာရုံ ဆုံးရှုံးသွားခြင်း ဖြစ်သည်။

ကျန်းဟောင်ကို ၂၀၀၁ ခုနှစ်တွင် ဧဝရတ်တောင်ထိပ်သို့တက်နိုင်ခဲ့သော အမေရိကန်မျက်မမြင် တောင်တက်သမား အဲရစ်ဝေဟန်မေ ယာက တောင်တက်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် တောင်တက်ရန်လေ့ကျင့်မှုကို စတင်လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။

နီပေါအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကြောင့် ဧဝရတ်တောင်တက်ခြင်းကို ပြီးခဲ့သည့်နှစ်တွင်ပိတ်ထားပြီးနောက် ဧပြီလတွင် ပြည်ပခရီးသွားများအတွက်ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: TST