တရုတ်ဥမင်လိုဏ်ခေါင်းရေလွှမ်းမိုးမှုကယ်ဆယ်ရေးတွင် ရေငုပ်သမားများပါဝင်လာ

တရုတ်ဥမင်လိုဏ်ခေါင်းရေလွှမ်းမိုးမှုကယ်ဆယ်ရေးတွင် ရေငုပ်သမားများပါဝင်လာ

ပေကျင်း၊ သဘာဝဘေး

တရုတ်နိုင်ငံတောင်ပိုင်း ကျူးဟိုင်မြို့၌ ပြီးခဲ့သည့်သုံးရက်တွင်ဖြစ်ပွားသော ဆောက် လုပ်ဆဲဥမင်လိုဏ်ခေါင်း ရေလွှမ်းမိုးမှုတွင်  ပျောက်ဆုံးနေသူ အလုပ်သမား ၁၄ ဦးကို ရှာဖွေကယ်ဆယ်ရေးတွင် ရေငုပ်သမားများ ပါဝင်လာကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၈ ရက်တွင်ပြောသည်။

အဆိုပါရေကြီးမှုသည် ဇူလိုင် ၁၅ ရက်  နံနက် ၃ နာရီခွဲတွင်ဖြစ်ပွားကြောင်း၊ ပုံမှန် မဟုတ်သော အသံတစ်ခုကို ကြားရပြီးနောက်ပစ္စည်းများက ပြွန်နှစ်ခုပါဥမင်လိုဏ်ခေါင်း၏ တစ်ဖက်သို့ စတင်လဲကျကြောင်းနှင့်ရေများက ဥမင်လိုဏ်ခေါင်းအတွင်းသို့   အဆက် တစ်ခုမှတစ်ဆင့် လျင်မြန်စွာစီးဆင်းပြီး အလုပ်သမား ၁၄ ဦး ပိတ်မိသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

ထိုဥမင်လိုဏ်ခေါင်းရှိ ရေအမြင့်သည် ၁၁ ဒသမ ၃ မီတာလျော့ကျလာကြောင်း နှင့် ပျောက်ဆုံးနေသူများကို ရှာဖွေရေးတွင် ရေအောက်သုံးစက်ရုပ်များ၊  လူမပါသော သင်္ဘောများနှင့် ရေဒါရှာဖွေရေးပစ္စည်းများ ကိုအသုံးပြုသွားမည်ဖြစ်ကြောင်း ကျူးဟိုင် မြို့မှ ဒုတိယမြို့တော်ဝန်ကျန်းယီရှန်ကပြောသည်။

ရှာဖွေရေးသမားများသည် ရေများကို   ဖောက်ထုတ်စဉ် ဥမင်လိုဏ်ခေါင်း အတွင်းသို့ ဖြည်းဖြည်းချင်း သွားနေကြောင်း၊ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းမှစ၍ ၎င်းင်းတို့အနေ ဖြင့် ဥမင်လိုဏ်ခေါင်းအတွင်းပိုင်း မီတာ ၆၀၀ အထိရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုနေရာသည်   အလုပ်သမားများပိတ်မိနေ သောနေရာဖြစ်သည့်  ၁ ဒသမ ၁ ကီလို မီတာ၏ ထက်ဝက်ကျော်တွင်ရှိကြောင်း တာဝန်ရှိသူများကဆက်ပြောသည်။

Ref: CNA