တာချီလိတ်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်

တာချီလိတ်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၉

  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှု ကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက နယ်မြေခံ တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ တင်ပြချက်များ အပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။