တာချီလိတ်မြို့၊ ဘူးသီးတောင်မြို့နှင့် ငပလီမြို့တို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တာချီလိတ်မြို့၊ ဘူးသီးတောင်မြို့နှင့် ငပလီမြို့တို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁ ရက် ညပိုင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် အခြေခံပညာ အထက်တန်းကျောင်း(ဆန်ဆိုင်)၌ တင်ကျန်နေသော အမှိုက်များနှင့် နုံးများကို ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ပေးကြသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် ငပလီမြို့ အခြေခံပညာအထက်တန်းကျောင်းတို့၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် အဆောက်အဦအတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။