တာလီဘန်တို့က အာဖဂန်နစ္စတန်ရှိ အရေးပါသောခန်းဒက်မြို့ကိုသိမ်းပိုက်

ခန်းဒက်၊ စစ်ရေး

အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်လက်နက်ကိုင်တပ်ဖွဲ့များက အရေးပါသောခန်းဒက်မြို့ကို  သိမ်းပိုက်လိုက်ပြီဖြစ် ကြောင်းသိရ သည်။ ခန်းဒက်မြို့သည် တာလီဘန်တို့၏လက်အောက်သို့ကျသွားပြီဖြစ်ကြောင်း၊ ယခုအခါ မြို့အတွင်းရှိအရေးပါသောနေရာ များ အားလုံးကို တာလီဘန်တပ်ဖွဲ့ဝင်များက နေရာယူထားပြီးဖြစ်ကြောင်း အဆိုပါလက်နက်ကိုင်အဖွဲ့က သြဂုတ် ၈ ရက်တွင်ပြောသည်။

နိုင်ငံ၏မြောက်ပိုင်းမြို့တစ်မြို့ဖြစ်သော ခန်းဒက်မြို့ကို တာလီဘန်တို့ကသိမ်းပိုက်နိုင်ခြင်းသည်   အာဖဂန်နစ္စတန်အစိုးရ အတွက် ကြီးစွာသော ထိုးနှက်ချက်အဖြစ်ထွက်ပေါ်လာသည်။အာဖဂန်နစ္စတန်အစိုးရတပ်ဖွဲ့များသည် နယ်စွန်နယ်ဖျားများ ထက်မြို့ပြနေရာ များကို ကာကွယ်နိုင်ရေးသာ အဓိကဦးစားပေးဆောင်ရွက်နေကြောင်းနှင့် ခန်းဒက်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့မှာ လေဆိပ်သို့ ဆုတ်ခွာသွားသည်ကိုတွေ့ရကြောင်း ခန်းဒက်ပြည်နယ်ကောင်စီဝင်တစ်ဦးဖြစ်သည့် အမ်ရူဒင်ဝါလီကပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ပြည်ပတပ်ဖွဲ့ဝင်များထွက်ခွာသွားပြီးနောက် မေလမှစ၍ တာလီဘန်တို့ကတိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့် လာခြင်းဖြစ်သည်။ လက်ရှိတွင် တာလီဘန်တို့သည် ခန်းဒက်မြို့အပြင် နမ်ရော့ပြည်နယ်၏မြို့တော်ဖြစ်သော  ဇာရန်းမြို့ ကိုလည်း သြဂုတ် ၆ ရက်ကတည်းက သိမ်းပိုက်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။

Ref: Bloomberg