တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ နိုဝင်ဘာ - ၂

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟို ကာကွယ်ဆေးသိုလှောင်ခန်း၌ထားရှိသော ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံ နိုင်သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac များကို ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဆေးအလုံးပေါင်း ၃၄၇၀ လုံးနှင့် ဆေးထိုးအပ် ၆၉၄၀ ချောင်း၊ သံတွဲမြို့သို့ ဆေးအလုံးပေါင်း ၂၁၄၃ လုံးနှင့် ဆေးထိုးအပ် ၄၂၈၆ ချောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ဆေးအလုံးပေါင်း ၈၈၂ လုံးနှင့် ဆေးထိုးအပ် ၁၇၆၄ ချောင်းတို့ကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော် (လေ)မှ ပို့ဆောင်ရေးလေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။