တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ နိုဝင်ဘာ - ၇

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုသို့ Sinopharm ကာကွယ်ဆေး doses ၂၀၆၁၇၅၊ Sinovac ကာကွယ်ဆေး doses ၂၃၉၁၅၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ Sinopharm ကာကွယ်ဆေး doses ၂၀၅၀၂၀၊ Sinovac ကာကွယ်ဆေး doses ၁၂၀၃၀၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ Sinopharm ကာကွယ်ဆေး doses ၁၈၀၀၀၊ Sinovac ကာကွယ်ဆေး doses ၆၉၀၊ ရှမ်းပြည်နယ် (အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ Sinopharm ကာကွယ်ဆေး doses ၇၄၅၀၀၊ Sinovac ကာကွယ်ဆေး doses ၆၀၁၆၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ Sinopharm ကာကွယ်ဆေး doses ၇၁၅၀၅၊ Sinovac ကာကွယ်ဆေး doses ၂၈၆၀၊ မြိတ်မြို့သို့ Sinopharm ကာကွယ်ဆေး doses ၈၃၀၀၅၊ Sinovac ကာကွယ်ဆေး doses ၁၇၀၀၀၊ ကော့သောင်းမြို့သို့ Sinopharm ကာကွယ်ဆေး doses ၄၅၆၇၀၊ Sinovac ကာကွယ် ဆေး doses ၅၀၀၀၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ Sinopharm ကာကွယ်ဆေး doses ၁၈၃၆၀၀၊ Sinovac ကာကွယ်ဆေး doses ၈၇၇၇၂၊ သံတွဲမြို့သို့ Sinopharm ကာကွယ်ဆေး doses ၁၂၈၀၅၀၊ Sinovac ကာကွယ်ဆေး doses ၆၀၀၀၀နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ Sinopharm ကာကွယ် ဆေး doses ၅၅၀၀၀တို့ကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။