တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၁

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း(၇)မြို့နယ်ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၆၈၂၁ ဦး တို့အား လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့ နှင့် မိုင်းတုံမြို့တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၅၂၄ ဦးတို့အား လည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိမြို့နယ် (၁၆) မြို့နယ်မှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၅၅၉၅ ဦး တို့အား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၄၆၀၀ ဦးတို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် မြောက်ဉက္က လာပမြို့နယ် အတွင်းရှိ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၈၀၃ ဦးတို့အား လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၆၅၅၂ ဦးတို့အား လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီလူမျိုး ၇၅၄ ဦး၊ ကျောက်တော်မြို့ နယ်နှင့် ပေါက်တောမြို့နယ်များမှ တိုက်ပွဲရှောင်ပြည်သူများ အပါအဝင် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့မှ သံဃာတော်များ၊ စေတနာ့ဝန်ထမ်းများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၂၀၂၇ ဦးတို့အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နယ်မြေခံတပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အကျဉ်းသား၊ အကျဉ်းသူများ စုစုပေါင်း ၁၆၁ ဦးတို့အား လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခု တို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၈၅၄၇ ဦးတို့အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈ မြို့နယ်မှ သံဃာတော်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်များနှင့် ပြည်သူစုစုပေါင်း ၁၈၄၈ ဦးတို့အားလည်းကောင်း တပ်မတော်မှဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း များ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။