တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင် ဖြန့်ဖြူ

တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင် ဖြန့်ဖြူ

နပွေညျတောျ စက်တင်ဘာ ၂၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့်သီးသန့်စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်များကိုတပ်မတော်ဆေးရုံများ ကျန်းမာရေးဌာနများနှင့် ကိုဗစ် စင်တာများ၌တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓ္ဓမလမ်းရှိ တိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးများနှင့်ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျှက်ရှိသည်။

ထိုသို့ဖြန့်ဖြူးပေးလျှက်ရှိရာ ယနေ့တွင် မန္တလေးမြို့သို့ကာကွယ်ဆေး ၈၂၉၅၂ လုံး၊ မုံရွာမြို့သို့ကာကွယ်ဆေး ၈၀၀၀ လုံးနှင့်တောင်ကြီးမြို့သို့ကာကွယ်ဆေး ၂၂၀၄၅ လုံးတို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးမျာဖြင့် ဆက်လက် ပို့ဆောင်ပေးရာ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှတာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင် ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

ယင်းသို့ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေဦးစားပေးအစီအစဉ်များနှင့်အညီပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများ သို့တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်၊ရဟတ်ယာဉ်များ မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးဖြင့် လည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။