တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM နှင့် SINOVAC ဆေးနှစ်မျိုးကို မြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့်ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM နှင့် SINOVAC ဆေးနှစ်မျိုးကို မြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့်ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော်၊  ဇူလှိုင် ၃၁        
           
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကတရုတ်ပြည်သူ့သမ္မတနိုင်ငံမှရောက်ရှိလာသည့်ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး SINOPHARM နှင့် SINOVAC ဆေးနှစ်မျိုး ကိုယနေ့နေ့လည်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးမရမ်း ကုန်း မြို့နယ်မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း| တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းစီမံ ချက်မ ှယနေ့နေ့လည်ပိုင်းတွင် မြေပြင်ခရီးလမ်းကြောင်းဖြင့် ဖြန့်ဖြူးပေးသည်။
           
ထိုသို့ဖြန့်ဖြူးပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး သို့ ကာကွယ်ဆေးအလုံးပေါင်း (၄၄၀၀၀)|မန္တလေးတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း(၄၄၀၀၀)|နေပြည်တော်ကောင်စီနယ်မြေအတွက်ကာကွယ်ဆေးအလုံးပေါင်း(၁၁၀၀၀)|ပဲခူးတိုင်းဒေသကြီးသို့ကာကွယ်ဆေးအလုံးပေါင်း(၁၂၀၀၀)|ရှမ်းပြည်နယ်(မြောက်ပိုင်း) တောင်ကြီးသို့ကာကွယ်ဆေးအလုံးပေါင်း (၁၃၆၀၀) တို့ အားမြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်းသိရသည်။
                 
ထိုသို့ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ| ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ယင်း အတွက်သက်မှတ်အအေးလမ်းကြောင်းစံချိန်စံညွှန်းများအတိုင်းအချိန်နှင့်တစ်ပြေးညီဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူ ဝေးလံခတ်ခဲသောဒေသများသို့တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များဖြင့် မြန်မာ့လေကြောင်း တို့၏အကူအညီများရယူကာ လေကြောင်းခရီးများဖြင့်လည်းဆက်လက်ဖြန့်ဖြူးပေးသွားမည်ကြောင်သတင်းရရှိသည်။