တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ နိုဝင်ဘာ - ၁

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ နှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော် သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်းစံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် ခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင်လူနှစ်ဦး ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac များကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ဆေးအလုံး ပေါင်း ၁၂၄၈၈ လုံးနှင့် ဆေးထိုးအပ် ၂၄၉၇၆ ချောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ဆေးအလုံးပေါင်း ၄၀၂၄ လုံးနှင့် ဆေးထိုးအပ် ၈၀၄၈ ချောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ဆေးအလုံးပေါင်း ၁၃၁၁ လုံးနှင့် ဆေးထိုးအပ် ၂၆၂၂ ချောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့သို့ ဆေးအလုံးပေါင်း ၁၅၃၀၁ လုံးနှင့် ဆေးထိုးအပ် ၃၀၆၀၂ ချောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ ဆေးအလုံးပေါင်း ၁၁၆၈၇ လုံးနှင့် ဆေးထိုး အပ် ၂၃၃၇၄ ခေျာင်း၊ ပဲခူးမြို့သို့ ဆေးအလုံးပေါင်း ၄၃၁၂၈ လုံးနှင့် ဆေးထိုးအပ် ၈၆၂၅၆ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ဆေးအလုံးပေါင်း ၁၄၅၉၈ လုံး နှင့် ဆေးထိုးအပ် ၂၉၁၉၆ ချောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ ဆေး အလုံးပေါင်း ၂၂၉၀၁ လုံးနှင့် ဆေးထိုးအပ် ၄၅၈၀၂ ချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ ဆေးအလုံးပေါင်း ၄၄၄၉၄ လုံးနှင့် ဆေးထိုးအပ် ၈၈၉၈၈ ခေျာင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ ဆေးအလုံးပေါင်း ၆၇၀၀၂ လုံးနှင့် ဆေးထိုးအပ် ၁၃၄၀၀၄ ချောင်းတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာ သို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။