တိုင်းဒေသကြီးနှင့် ပြည်နယ်မြိုကြီးများသို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပိုဆောင်

တိုင်းဒေသကြီးနှင့် ပြည်နယ်မြိုကြီးများသို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပိုဆောင်

နေပြည်တော်၊ စက်တင်ဘာ- ၁၃ 
 
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲများ ပူးပေါင်း၍

အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများ အတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပိုဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

ထိုသိုဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးအလုံးပေါင်း ၃၀၀၀၀၀ ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုသို ဆေးအလုံး ပေါင်း ၂၃၀၀၀၀ ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြိုသို ဆေးအလုံးပေါင်း ၁၁၈၀၀၀ ၊ ကရင်ပြည်နယ်၊ ဘားအံမြိုသို ဆေးအလုံးပေါင်း ၅၀၀၀၀ ၊ မကွေးတိုင်း ဒေသကြီးသို ဆေးအလုံးပေါင်း ၁၅၀၀၀၀နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြိုသို ဆေးအလုံးပေါင်း ၈၀၀၀၀ တိုကို မြေပြင်ခရီးလမ်း ကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ပိုဆောင်ပေးသည်။

ယင်းသို ပေးပိုဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို တပ်မတော်(လေ) ပိုဆောင်ရေးလေယာဉ်များနှင့် မြန်မာ့လေကြောင်းတို၏ အကူအညီများရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက် ရှိကြောင်း သတင်းရရှိသည်။