တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်ဖြန့်ဖြူး

တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော်၊ စက်တင်ဘာ - ၁၅

  ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။

ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေး တစ်လုံးလျှင် လူငါးယောက် ထိုးနှံသည့် Sinopharm ဆေးများကို တီးတိန်မြို့နယ်သို့ ၅၆၀ လုံး၊ တွန်းဇံမြို့နယ်သို့ ၂၀၀ လုံး၊ ဖလမ်းမြို့နယ်သို့ ၃၂၀ လုံး၊ မတူပီမြို့နယ်သို့ ၆၈၇ လုံး၊ ကန်ပက်လက်မြို့နယ်သို့ ၈၀ လုံးနှင့် မင်းတပ်မြို့နယ်သို့ ၃၀၀ လုံးတို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

ယင်းသို ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်း တို့၏ အကူအညီများ ရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။