တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း 

နေပြည်တော်၊ ဇူလိုင် - ၃၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ဇလွန်မြို့များရှိ ပြည်သူ့ ဆေးရုံများနှင့် ပရဟိတအသင်းများသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၅၇ လုံးတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီးသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၉၀ လုံးကို အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းမြို့ ပြည်သူ့ ဆေးရုံသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၈ လုံးကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ပရဟိတအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လည်း ကောင်း  သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အလားတူ တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ ဌာနပေါင်းစုံမှ လှူဒါန်းသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၀ လုံးအား လားရှိုးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးမင်းထွန်းကလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ ငွေကျပ် ၄၃ သိန်းကျော်တန်ဖိုးရှိ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂ လုံး၊ ၅ လီတာဆံ့ အောက်ဆီဂျင်အိုး ၄ လုံး၊ နှာခေါင်းစီး ၄ ဖာနှင့် တတ်စကစ် ၁၀၀ ခုတို့ကို ဦးဉာဏ်စိုးလှိုင်မီးသားစုက လည်းကောင်း အသီးသီး လာရောက်လှူဒါန်းကြသည်။

တို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အောက်ဆီဂျင်စက် တည်ဆောက်ထားရှိရန်အတွက်  စေတနာရှင်အလှူရှင်များကိုယ်စား မြို့နယ်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့များက အလှူငွေကျပ်  ၂၄၃၈၀၀၀၀ ကျပ်အား ပေးအပ်လှူဒါန်း ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်း နှင့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ သံမဏိသံရည် ကျိုစက်မှုဇုန်ရှိ Myanmar Huake Industry and Trade Co.Ltd ပိုင်  Liquid အောက်ဆီဂျင်စက်ရုံနှင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ တည်ဆောက်ပြီးစီးသည့် Oxygen Plant တို့အား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်တာဝန်ရှိသူများကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ  လေတပ် စခန်းဌာနချုပ်နှင့် နယ်မြေခံဆေးတပ်ရင်းတို့၌ တည်ဆောက်ထားရှိသော အောက် ဆီဂျင်စက်ရုံများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။