တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း  

နေပြည်တော်၊ ဇူလိုင် - ၃၁

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးတိုက်နယ်ဆေးရုံသို့  ၄၀လီတာဆံ့ အောက်ဆီဂျင် အိုး ၆ လုံး၊ ၁၀ လီတာဆံ့အောက်ဆီဂျင်အိုး ၄ လုံးနှင့် မိုးမိတ်မြို့ပြည်သူ့ဆေးရုံသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံးနှင့် ၁၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၅ လုံး တို့အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဝါးခယ်မမြို့၊ ဓနုဖြူမြို့၊ ညောင်တုန်းမြို့၊ ပန်းတနော်မြို့နှင့် ဖျာပုံမြို့များရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတ အသင်းများသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၇၀ လုံးတို့ကို အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများကလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီးသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀၀ လုံးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လည်းကောင်းသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အလားတူ တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ မြန်မာ့ကြယ်စင်လင်း ကုမ္ပဏီမှ ဦးဧရာလင်းနှင့် ဒေါ်နှင်းအိဖြူငြိမ်း မိသားစုက ငွေကျပ်သိန်း ၃၀၊ ဆန္ဒဘုန်းပြည့်ကုမ္ပဏီမှ ဦးပြည့်လင်းအောင်နှင့်ဒေါ်သော်တာတင့်ဆန်းမိသားစုက ငွေကျပ်သိန်း ၂၀ နှင့် အထောက်အကူပြုပစ္စည်းများအား အသီးသီး လာရောက် လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိူးတင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။
တို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် ကောင်စီဝင်များ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများက ၄၀ လီတာဆံ့ Oxygen Clinder အိုး ၁၅၀ လုံးနှင့် Volunteer လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများ  ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။ 

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်း နှင့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ ဆုတောင်းပြည့်ဓမ္မာရုံ၌ စေတနာရှင်အလှူရှင်တစ်ဦးမှ လှူဒါန်းထားသော  Oxygen Plant တည်ဆောက်မှုအား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ  ပြည်သူ့ ဆေးရုံကြီးအတွင်း၌ Liquid Oxygen Plant စက်ရုံတည်ဆောက်မည့် မြေနေရာ ပြင်ဆင်မှုနှင့် အိုးဘိုတောင်ရပ်ကွက်တွင် တည်ဆောက်လျက်ရှိသော Oxygen Plant များအား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် အဖွဲ့ဝင်များ က လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။