တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

နေပြည်တော်၊ ဩဂုတ်- ၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၄၀ လုံးကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အသုံးပြုရန်အတွက်  Mask ၂၀၀၀၀ ခု၊ PPE ဝတ်စုံ ၁၀၀ စုံ၊ လက်သန့်ဆေးရည် ၄၈ ဗူး၊ အရက်ပြန် ၄၈ လုံးနှင့် ဆေးဖြန်းပုံး ၂ ပုံးတို့အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၃၃ လုံးတို့ကို လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ နယ်မြေခံ တပ်မတော် သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသီးသီး သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာများအတွက် မန္တလေးမြို့ရှိ ကျောက်စိမ်းရှေ့ဆောင်ကုမ္ပဏီက အောက်ဆီဂျင်အိုး ၅ လုံး၊ Flower Meter ၅ လုံးနှင့် Mask ၆၀၀၀ ခုနှင့် လားရှိုးမြို့ရှိ မြန်မာရွှေဧရာ ကုမ္ပဏီလီမီတက်မှ အောက်ဆီဂျင်အိုး ၅၀ လုံး၊ PPE ဝတ်စုံ ၂၅၀၀ စုံ ၊ Face  Shield ၅၀၀ ခု၊ လက်အိတ် ၂၀၀၀ ခုနှင့် ၂၀ လီတာဆံ့ အရက်ပြန် ၅၀ ပုံး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း ၂၀၀ တို့ကို လည်းကောင်း၊ ရန်ကုန်မြို့၊ IBS ကုမ္ပဏီလီမိတက်မှ အလှူရှင် ဉီးမြင့်စိုး မိသားစုက ကိုဗစ်-၁၉ ရောဂါလူနာများ အတွက် ကုသဆေးအဖြစ် Remdesivir ဆေးအလုံး ၆၀၀ ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်အောင်မြို့၊ ရောင်နီ စက်ရုံမှ စေတနာရှင် အလှူရှင်များက  ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ Liquid အောက်ဆီဂျင်စက်ရုံ(ဖောင်စိန်) တည်ဆောက် နေမှုများနှင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ အောက်ဆီဂျင်စက်ရုံတည် ဆောက်ပြီးစီး၍ အသုံးပြုနေမှုများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ ပြည်သူ့ဆေးရုံ၊ အိမ်မဲမြို့ ပြည်သူ့ဆေးရုံ၊ ပန်းတနော်မြို့ ပြည်သူ့ဆေးရုံနှင့် ကျောင်းကုန်းမြို့ ပြည်သူ့ဆေးရုံတို့၌ တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံများ ကိုလည်းကောင်း သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုပြီး အောက်ဆီဂျင်ထုတ်လုပ်မှု ဆောင်ရွက်နေသူများအား ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။