တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

နေပြည်တော်၊ ဩဂုတ်- ၅

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၄၀ လုံးကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ နမ္မတူမြို့နှင့် ကျောက်မဲမြို့ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်  အောက်ဆီဂျင်အိုး ၂ လုံး၊ Oxygen Flow  Meter ၃ စုံ၊ Mask ၄၃၀၀၀ ခု၊ PPE ဝတ်စုံ ၃၀၅ စုံ၊ လက်သန့်ဆေးရည် ၁၂၀ ဗူး၊ လက်အိတ် ၁၀၀ စုံ၊ အရက်ပြန် ၅၆ လုံးနှင့် ဆေးဖြန်းပုံး ၆ ပုံး၊ လားရှိုးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသော ပရဟိတ အဖွဲ့များနှင့် လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးသောအသင်း (Swab  Team) တို့ကို Mask ၉၂၀၀  ခု၊ PPE ဝတ်စုံ ၇၈၀ စုံနှင့် လက်သန့်ဆေးရည် ၁၂၀ ဘူး၊ လက်အိတ် ၁၃၀၀ စုံ၊ Face Shield ၄၈၀ ခု၊ ခေါင်းစွပ် ၂၀၀ ခု၊ Oximeter ၁၀ လုံး၊ ပိုးသတ်ဆေးရည် ၁၃ လုံးနှင့် စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ ပန်းတနော်မြို့၊ ဓနုဖြူမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ Oxygen  Flow  Meter ၃၅ စုံနှင့် အောက်ဆီဂျင်အိုး ၁၈၆ လုံးတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ငွေကျပ် သိန်း ၂၄၀ ၊ အောက်ဆီဂျင်အိုး ၂၀ လုံး၊ Mask ၆၂၅၀၀ ခု၊ လက်ဆေးဆပ်ပြာ ၇၀ ဘူး၊ သာမိုမီတာ ၃၀ ခု၊ ကိုဗစ်-၁၉ Test Kit ၂၅၀ ခုနှင့် ကိုဗစ်-၁၉ ကုသဆေးမျိုးစုံ ၁၉၂၀၀ တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် တုန့်ပြန်နိုင်ရေးတို့အတွက် တာချီလိတ်မြို့ရှိ စံလင်းဖြိုးကုမ္ပဏီက ထိုင်းဘတ်ငွေ ၂၂၈၅၀၀ တန်ဖိုးရှိ Mask   ၁ သိန်းခု၊ PPE ဝတ်စုံ  ၅၀၀ စုံ၊ လက်အိတ် ၁၀၀ ဘူး၊ တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ဝမ်လုံး ကိုဗစ်စင်တာ တည်ဆောက်ရန်အတွက် ထိုင်းဘတ်ငွေ ၂ သိန်း၊ မယ်ခေါင်ရပ်ကွက်ရှိ စေတနာရှင်အလှူရှင်များက ထိုင်းဘတ်ငွေ ၂၂၀၀၀ ၊ ကြီးမြတ်သောရွှေမြင်း ဆောက်လုပ်ရေးကုမ္ပဏီက ဝမ်လုံးကိုဗစ်စင်တာတွင် ရေပိုက်လိုင်းစနစ် တည်ဆောက် ရန်အတွက် ထိုင်းဘတ်ငွေ ၁ သိန်းနှင့် အိပ်မက်ရွာဆောက်လုပ်ရေးကုမ္ပဏီက ထိုင်းဘတ်ငွေ ၁ သိန်းတို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အသုံးပြုရန်အတွက် ဗိုလ်မှူးချုပ် ထွန်းသန်း(အငြိမ်းစား) မိသားစုက အလှူငွေကျပ် ၁၅ သိန်း၊ အလုပ်သင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ ကျောင်းဆင်းအရာရှိများက အလှူ ငွေကျပ် ၅ သိန်းနှင့်  ဦးမြတ်မင်းဇော် မိသားစုက Oxygen Flow  Meter ၃ ခုတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များ က ငွေကျပ်သိန်း ၃၀၀၀ ကျော်ကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တပ်ဆင်ထား သော အောက်ဆီဂျင်စက် ထုတ်လုပ်နေမှု၊ အောက်ဆီဂျင်ဖြန့်ဖြူးပေးနေမှုများနှင့် ကျောက်တန်းစက်ရုံစုရှိ သံလွင်အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေ မှုများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောက်ဆီဂျင်စက်ရုံနှင့် မြောင်းမြမြို့၊ မြကန်သာရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေသည့် အခြေအနေများကို လည်းကောင်း  သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။