တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်ဖြန့်ဝေလှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်ဖြန့်ဝေလှူဒါန်း

 
နေပြည်တော်၊ ဩဂုတ်- ၉

 
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

 
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)ရှိ ကျန်းမာရေးဝန် ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် လူနာများအတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် လေးမျက်နှာမြို့များရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၈ လုံး အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင် အိုး ၁၀၅ လုံးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ Oxygen Concentrator စက် ၁၀ လုံး၊ စားသောက် ဖွယ်ရာများနှင့် အလှူငွေကျပ်သိန်း ၂၀ တို့အားလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ မိုးညိုမြို့နှင့် ပန်းတောင်းမြို့တို့ရှိပြည်သူ့ဆေးရုံများသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၅၁ လုံးနှင့် Oxygen Concentrator 5L ၁ လုံးတို့အားလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှု ကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြောင်းပုလဲမြို့သစ်၌ အောက်ဆီဂျင်စက်ရုံ မြေနေရာ နှင့် တည်ဆောက်နေမှုအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)ရှိ Oxygen Tank Station လည်ပတ်နိုင်မှု အခြေအနေနှင့် Oxygen Plant မှ အောက်ဆီဂျင်အိုး ဖြည့်သွင်းနေမှု၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆုတောင်းပြည့်ဓမ္မာရုံ၌ Oxygen Plant တည်ဆောက်နေမှုတို့အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုများကိုလည်းကောင်း၊ ချင်းပြည် နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံ၌ တပ်ဆင်ထုတ်လုပ်မည့် Oxygen Plant ဆက်စပ် ပစ္စည်းများအား နယ်မြေခံတပ်သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့်ရောက်ရှိမှုနှင့် အဆိုပါ ဆေးရုံသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၀၀ လုံးရောက်ရှိမှုတို့အား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ သံမဏိစက်ရုံ(ပြင်ဦးလွင်)ရှိ Oxygen Plant စက်ရုံမှ အောက်ဆီဂျင်ဖြန့်ဝေပေးမှုများအားလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။