တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၁၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် ၂၀ လုံးအားလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိင်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၀ လုံးနှင့် Flow Meter ၃၀ ခုတို့အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ငပုတောမြို့နှင့် ကြံခင်းမြို့များရှိ ပြည်သူ့ ဆေးရုံများနှင့် ပရဟိတအသင်း များသို့ Oxygen Concentrator ၂ လုံး၊ Oxygen Flow Meter ၃ ခု၊ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၃ လုံးတို့အားလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀၅ လုံး အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဘူတာ ရပ်ကွက်ရှိ သုဂတိရှင်နာရေး ကူညီမှုအသင်းရုံး ၌ Oxygen Plant စက်ရုံတည်ဆောက် ရန်အတွက် အလှူငွေကျပ် သိန်း ၅၀၀ ၊ တောင်သာမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ ၌ Oxygen Plant စက်ရုံအတွက် အလှူငွေကျပ် သိန်း ၁၀၀ နှင့် မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မင်းကျောင်းတိုက်ရှိ အာယုပါလကုသိုလ်ဖြစ် ဆေးခန်း၌ Oxygen Plant စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေကျပ် သိန်း ၂၀၀ တို့အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ပြည်သူ့ ဆေးရုံ သို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၅ လုံးတို့အားလည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက အသီးသီး သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးအတွင်းရှိ Oxygen Plant စက်ရုံမှ အောက်ဆီးဂျင်ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုများအား လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင်ရေသန့်စက်ရုံဝန်းအတွင်းရှိ ရွှေ့လျား အောက်ဆီဂျင်ထုတ်စက်ရုံ စတင်လည်ပတ်ထုတ်လုပ်မှုနှင့် Liquid အောက်ဆီဂျင် စက်ရုံ တည်ဆောက်မှုအခြေအနေများအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြောင်းပုလဲမြို့သစ်ရပ်ကွက်ရှိ Oxygen Plant စက်ရုံမြေနေရာသို့ စက်ရုံသုံးပစ္စည်းများ ရောက်ရှိလာမှုအား လည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ အေးရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှု အခြေ အနေများအားလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်ရှိ သုဂတိရှင်နာရေးကူညီမှု အသင်းရုံး၊ တောင်သာမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာနှင့် မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မင်းကျောင်းတိုက်ရှိ အာယုပါလကုသိုလ်ဖြစ်ဆေးခန်းတို့၌ Oxygen Plant စက်ရုံတည်ဆောက် နေမှုအခြေ အနေများနှင့် စတင်ဖွင့်လှစ် လည်ပတ် နေမှုအခြေအနေများအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အထွေထွေ ရောဂါကု ဆေးရုံကြီးအတွင်းရှိ Oxygen Plant စက်ရုံတည်ဆောက် နေမှုအခြေအနေ များအား လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။