တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၃ ရက်နှင့် ယနေ့တို့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ငွေကျပ် သိန်း ၂၀ ၊ အမ်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးကော်မတီသို့ ငွေကျပ်သိန်း ၁၀၀ ၊ အမ်းမြို့ရှိ တပ်မတော် ဆေးရုံအတွက် ဆေးပစ္စည်းများနှင့် ငွေကျပ် ၁၀၂ သိန်း၊ ကျောက်ဖြူခရိုင် ပြည်သူ့ ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ကျောက်ဖြူမြို့၊ စစ်တောတပ်နယ်၌ လည်ပတ်ထုတ်လုပ်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေ ကျပ်သိန်း ၂၀ သိန်း၊ မာန်အောင်မြို့ ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ နှင့် ငွေကျပ်သိန်း ၂၀၊ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့် ဆေးရုံ တက်ရောက်ကုသ လျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများအတွက် တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့က Alphard ကား ၁ စီး၊ Patient Monitor ၂ လုံး၊ Oxygen Concentrator ၂ လုံး၊ Test Kit ၂၀၀ ခု၊ ကလိုရင်း (၅ ဂါလံ) ၂၀ ပုံး၊ လက်အိတ် ၁၅၀ စုံ၊ Mask ၅ ဖာ၊ PPE ဝတ်စုံ ၁၅၀ စုံ၊ အရက်ပြန် ၂၀၀ လုံး၊ ဆေးဖြန်းပုံး(ဘက်ထရီပါ) ၂ လုံးနှင့် ဆက်စပ်ပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် အသုံးပြုရန်အတွက် အလှူရှင်များဖြစ်သည့် ဦးကျော်ခင်( Tzu Chi Buddhist Foundation) က ငွေကျပ်သိန်း ၄၅၇၀ တန်ဖိုးရှိ (၁၂)ပြည်ပါ ဆန်အိတ် ၅၀၀၀ အိတ်၊ ဆီပုလင်း(၁ လီတာ)ပါ ၅၀၀၀ လုံး၊ Oxygen Concertrator ၁၄၀ လုံး၊ Oxygen Plastic Tube (ပိုက်သစ်) ၁၀၀၀၀ ချောင်း၊ PPE ဝတ်စုံ ၁၀၀ စုံ၊ Oxygen Cylinder ၆၀၀ လုံးနှင့် Flow Meter ၆၀၀ ခု၊ Yogon Petrol Co.,Ltd က အလှူငွေကျပ် ၂၅ သိန်း၊ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်မြင့်မြင့်သိန်း(ရွှေနဂါးမင်း ကုမ္ပဏီလီမိတက်)က အလှူငွေကျပ် ၇၅ သိန်း၊ ဦးအာကာကြိုင် (တောင်ဝင်ကြာဖူး ဆောက်လုပ်ရေး ကုမ္ပဏီ)က အလှူငွေကျပ် ၇၅ သိန်း၊ Sann Thit Aung Construction Co.,Ltd က အမေရိကန်ဒေါ်လာ ၃၀၀၀ တန်ဖိုးရှိ FABIMERA -400 (FAVIPIRAVIR TABLETS (400 mg)) ၅၀ ဖာ၊ ဦးကျိန်တာ နှင့် ဇနီး ဒေါ်သီတာဦး (Hot Pot King) မိသားစုက ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ PPE ဝတ်စုံ ၅၀၀ စုံ၊ ချမ်းမြေ့မေတ္တာအထူးကုဆေးရုံ (သန်လျင်)က အလှူငွေကျပ်သိန်း ၂၀ တို့ကိုလည်းကောင်း အသီးသီးပေးအပ် လှူဒါန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူး တင်စကားများ ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စစ်တောတပ်နယ်၌ လည်ပတ်ဆောင်ရွက်လျက်ရှိ သော အောက်ဆီဂျင်စက်ရုံနှင့် မာန်အောင်မြို့ ပြည်သူ့ဆေးရုံတွင် တည်ဆောက် လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။