တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း  

နေပြည်တော်၊ ဇူလိုင် - ၂၆

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင် ၄၀ လီတာဆံ့ ၁၅ လုံး၊  အောက်ဆီဂျင် Regulator ၅ လုံး၊ တန့်ယန်း မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့သို့ အောက်ဆီဂျင် ၄၀ လီတာဆံ့ ၅ လုံး၊ တပ်မတော် ဆေးရုံ(ခုတင်-၂၅)သို့ အောက်ဆီဂျင် ၄၀ လီတာဆံ့ ၁၀ လုံးတို့ကို နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များကလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့ အောက်ဆီ ဂျင်အိုး ၂၀၀ လုံးကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သား များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊  လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး ၅၀ လုံးကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက လည်းကောင်း  သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူဆေးရုံကြီး(ခုတင်- ၃၀၀)၌ တည်ဆောက် လျက်ရှိသော Liquid Oxygen တန် ၂၀ ဆံ့ Tank မှ Medical Oxygen ဓာတ်ငွေ့သို့ထုတ်လုပ်ပေးမည့် စက်ရုံတည်ဆောက်နေမှုအခြေအနေများနှင့် ဇေယျာ သီရိမြို့နယ်၊ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်- ၃၀၀)၌ တစ်ရက်လျှင် ၄၀ လီတာ ၈၀ လုံး ထုတ်လုပ်နိုင်သည့် Oxygen Plant မှ အောက်ဆီဂျင်ဓာတ်ငွေ့ထုတ်လုပ်နေမှုတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာ(ဖောင်ကြီး)၌ ပိုးတွေ့လူနာ များကုသရာတွင် အသုံးပြုနိုင်ရန်လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်သော အောက်ဆီဂျင် Plant  တစ်ခုရောက်ရှိမှုနှင့် ပိုးတွေ့လူနာများအား နေရာချထား ပေးမည့် အိပ်ဆောင်များတွင် အောက်ဆီဂျင် ပိုက်လိုင်းများ တပ်ဆင်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လည်းကောင်း ယနေ့တွင် သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။