တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

 
နေပြည်တော်၊ နိုဝင်ဘာ - ၂

 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့၊ ကျုံပျော်မြို့၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတောင်မြို့နှင့် ပေါင်းတည်မြို့တို့၌ အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်သော မြန်မာ့တပ်မတော် အား ထောက်ခံပါသည်၊ NUG CRPH PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG CRPH PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်း ရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUG PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ် ’’ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်း သတင်းရရှိသည်။